ယနေ့အတွက် ကျမ်းဗိုဒ်
သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။
တိမောသေဩဝါဒစာဒုတိယစောင် 2:15
အင်တာနက်စာမျက်နှာကိုကြည့်ရှုရန်စိတ်ဝင်စား ကြသော ‘‘၀’’လူမျိုးတိုင်းကို ဤ‘‘၀’’လူမျိုး အ ကြောင်းအင်တာနက်စာ မျက်နှာမှကြိုဆို၏။
ဤအင်တာနက်စာမျက်နှာသည်‘‘၀’’လူမျိုးများ အတွက်ပင်ဖြစ်ပါသည်။ ‘‘၀’’လူမျိုးများသည် မိမိတို့၏ သမိုင်းကြောင်းနှင့် နေထိုင်မှုဓလေ့ အ ကြောင်းများကို သိရှိနားလည်ပြီး မိမိတို့၏ရိုးရာ၊ ယဉ်ကျေးမှု စသည်တို့ကို ဆက်လက်ထိန်း သိမ်းသွားရန်အတွက် ဤကျယ်ပြန့်လှသော အင်တာနက်စာမျက်နှာ ပေါ်တွင် ဖေါ်ပြထားရခြင်း ဖြစ်ပါသည်။
ယခင်က‘‘၀’’လူမျိုးများ၏အင်တာနက်စာ မျက်နှာဟူ၍ မိမိတို့၏ စာပေ၊စကားအားဖြင့် မရှိခဲ့ သေး ပါ။ ထို့အတွက်ကြောင့် ‘‘၀’’လူမျိုး များသည် မိမိတို့ စာပေ၊ စကား၊ ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း များ မပျောက်ပျက်ဖို့ ရန်လိုအပ်သည့်အတွက်ကြောင့် ဤအင်တာနက် စာမျက်နှာပေါ်တွင် ကြိုးစား ၍ဖေါ်ပြရခြင်းဖြစ်ပါသည်။