ယနေ့အတွက် ကျမ်းဗိုဒ်
ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
တိတုဩဝါဒစာ 3:4
အင်တာနက်စာမျက်နှာကိုကြည့်ရှုရန်စိတ်ဝင်စား ကြသော ‘‘၀’’လူမျိုးတိုင်းကို ဤ‘‘၀’’လူမျိုး အ ကြောင်းအင်တာနက်စာ မျက်နှာမှကြိုဆို၏။
ဤအင်တာနက်စာမျက်နှာသည်‘‘၀’’လူမျိုးများ အတွက်ပင်ဖြစ်ပါသည်။ ‘‘၀’’လူမျိုးများသည် မိမိတို့၏ သမိုင်းကြောင်းနှင့် နေထိုင်မှုဓလေ့ အ ကြောင်းများကို သိရှိနားလည်ပြီး မိမိတို့၏ရိုးရာ၊ ယဉ်ကျေးမှု စသည်တို့ကို ဆက်လက်ထိန်း သိမ်းသွားရန်အတွက် ဤကျယ်ပြန့်လှသော အင်တာနက်စာမျက်နှာ ပေါ်တွင် ဖေါ်ပြထားရခြင်း ဖြစ်ပါသည်။
ယခင်က‘‘၀’’လူမျိုးများ၏အင်တာနက်စာ မျက်နှာဟူ၍ မိမိတို့၏ စာပေ၊စကားအားဖြင့် မရှိခဲ့ သေး ပါ။ ထို့အတွက်ကြောင့် ‘‘၀’’လူမျိုး များသည် မိမိတို့ စာပေ၊ စကား၊ ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း များ မပျောက်ပျက်ဖို့ ရန်လိုအပ်သည့်အတွက်ကြောင့် ဤအင်တာနက် စာမျက်နှာပေါ်တွင် ကြိုးစား ၍ဖေါ်ပြရခြင်းဖြစ်ပါသည်။